Wednesday, April 25, 2012

ဦးဇင်းရဲ့ မြန်မာပြည်ဖုန်းနဲ့ တရားခွေများ

ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ)ကို ဦးဇင်းအင်တာနက်မှာရေးထားတဲ့စာတွေကို သွားပြရာကနေ သဘောကျပြီး တရားဟော ကောင်းမကောင်း ပရိသတ်(4000)ကျော်ရှိတဲ့ သူ့ရိပ်သာမှာ စမ်းသပ်ဟောခိုင်းပါတယ်။ ဒကာ၊ ဒကာမများစွာက သဘောကျပြီး နောက်တစ်ရက်ပါ ဆက်ဟောခိုင်းပေးဖို့ ဆရာတော်ကို လာလျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က နောက်တစ်ရက်ပါ ထပ်ဟောခိုင်းပါတယ်။ နောက်ပြီး တောင်ကြီးနားက ရပ်စောက်ရိပ်သာမှာလည်း ဟောခိုင်းပါတယ်။ ဒီလိုနဲ့ တရားခွေများကိုလည်း ရောင်းချရာ ကူးသူမနိုင်အောင် ရောင်းရသဖြင့် ဆရာတော်မှ မင့်ရဲ့အရည်အချင်းအားလုံးကိုတော့ သဘောကျပါတယ်။ သာသနာဘောင် မြဲမမြဲကိုလည်း စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။ တကယ်လို့ သာသနာဘောင်မှာမြဲမယ်ဆိုရင်တော့ သူ့ရဲ့လုပ်ငန်းများကို လက်လွဲလုပ်ခိုင်းမယ်တဲ့လေ။ 

ဦးဇင်းဟောထားတဲ့ တရားခွေများကို ဆရာတော်ရဲ့ မန်းလေးကျောင်းတိုက်မှာဖြစ်စေ၊ မှော်ဘီရိပ်သာမှာဖြစ်စေ သွားရောက်ဝယ်ယူနိုင်ပါတယ်။ တရားခွေရောင်းတဲ့ဆိုင်တွေမှာ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်ရဲ့ မှော်ဘီရိပ်သာ သင်္ကြန်းအတွင်းဟောတဲ့ သုဒ္ဓ၀ိပဿနာ တရားခွေရှိလားလို့ မေးဝယ်ရင်လည်း ရနိုင်ပါတယ်။ ဒါပြင်
ဖုန်း 09-5180684။ 0943207891 တို့မှာလည်း ဓမ္မဒါနအဖြစ် ပေးလှူနေသဖြင့် ဆက်သွယ်ယူနိုင်ပါတယ်။