မေး။ အရှင်ဘုရား တပည့်တော် ရလာတဲ့လူ့ဘ၀လေးကို ဘယ်လိုအသုံးချရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို အရှင်ဘုရားအမြင်လေးနဲ့ဆုံးဖြတ်ချက်လေးကို တပည့်တော် မှတ်သားယူနိုင်အောင် ပြောပြပေးပါလားဘုရား။
ဖြေ။ ။ ရခဲလှတဲ့ လူ့ဘ၀၊ ကြုံခဲလှတဲ့ ဘုရားသာသနာ၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရား၊ ဒီလိုခက်ခဲလှတဲ့ အချိန်(၃)ချိန်လေးပြည့်စုံတဲ့ဘ၀ကို ရဖို့ဆိုတာ မလွယ်ကူးဘူးလေ။ ဒါပြင် ဒီလိုဘ၀လေးရနေချိန်မှာလည်း မိမိအသက် ဘယ်နေ့သေမလဲဆိုတာ မသေချာနိုင်တာကြောင့် အသက်ရှင်စဉ်လေးတွင် ငါ ဒီဘ၀မှာ နိဗ္ဗာန်ကို တိုက်ရိုက်ရောက်အောင် မလုပ်နိုင်ရင်တောင်မှ နိဗ္ဗာန်ရောက်ဖို့ လမ်းစလေးတော့ အနည်းဆုံးပေးနိုင်အောင် ပြုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
ပြီးရင် အဲဒီဆုံးဖြတ်ချက်အတိုင်း မိမိနေ့စဉ်ဘ၀ရှင်သန်နေစဉ်လေးမှာ ကိုယ့်ကျင့်တရားကောင်းမွန်စွာနဲ့ သူတော်ကောင်းတရားထားရှိကာ ဒါန၊ သီလ၊ ဘာဝနာများ အတတ်နိုင်ဆုံး များသထက်များအောင် ပြုလုပ်နေထိုင်သွားမယ်ဆိုရင် ရနေတဲ့လူ့ဘ၀လေးဟာ တန်ဖိုးရှိတဲ့ဘ၀လေးဖြစ်ပြီး တန်ဖိုးရှိစွာ ကုန်ဆုံးသွားပါက အေးချမ်းမှုတွေလည်း နေ့စဉ်ပိုင်ဆိုင်ကာ အအေးချမ်းဆုံးဖြစ်တဲ့ မြတ်နိဗ္ဗာန်ကို အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်။
No comments:
Post a Comment