Showing posts with label Photo. Show all posts
Showing posts with label Photo. Show all posts

Tuesday, November 8, 2011

ကိုယ့်အကြောင်း ကိုယ်ဖော်တာပါ

ဦးဇင်း မြန်မာပြည်ပြန်စဉ်က ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ပါတယ်။ မိမိသာသနာပြုခဲ့တဲ့ တောင်တန်းဒေသက ကလေးတွေကို ယဉ်ကျေးမှုသင်တန်း၊ ကွန်ပျုတာသင်တန်း ပေးခဲ့တာတွေလည်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လေ။ အဲဒါ ဓာတ်ပုံတွေ အကုန်ပျောက်နေတာ ရှာမရဘူးဖြစ်နေတာ ဒီနေ့မှပဲ တက္ကသိုလ်မှာ ဓာတ်ပုံပေးဖို့ Hard Disk ထဲမှာ လိုက်လံရှာမှပဲ တွေ့တာနဲ့ ဆိုဒ်ထဲမှာသိမ်းထားတာက ပိုစိတ်ချရပါတယ်ဆိုပြီး ဆိုဒ်ထဲမှာသိမ်းရင်း facebook မှာပါ တင်လိုက်တာပါ။ ဒီနေ့တော့ ဒီလောက်ပဲ အချိန်ရတာမို့ နောက်မှကျန်တာတွေကို ဆက်တင်ပါဦးမယ်။
အောက်ပုံက ဦးဇင်းရဲ့ မိသားစု ဓာတ်ပုံပါ။ အပေါ်ပုံကတော့ ဦးဇင်း 01.04.2004 တုန်းက မိဘများရဟန်းခံပေးစဉ်က ရိုက်ထားတဲ့ပုံပါ။ ဦးဇင်းရွာကတော့ မုံရွာ-ရေဦးကားလမ်းဘေးမှာမို့ အိမ်ကတော့ ဈေးရောင်းကြတယ်လေ။ ရွာနာမည်က လက်ပန်မြောက်ရွာ၊ နယ်က ဘုတလင်နယ်၊ တိုင်းကတော့ စစ်ကိုင်းတိုင်းထဲမှာ။ မုံရွာမြို့နဲ့ဆို တစ်နာရီလောက်ကားစီးရတယ်လေ။ အစကတော့ မိဘတွေက မုံရွာမှာပဲ ဈေးရောင်းကြတယ်။ ဦးဇင်းဆယ်နှစ်သားလောက်မှာ ရွာက အဘိုးဖြစ်သူဆုံးသွားတာနဲ့ အဖွားတစ်ယောက်တည်းမို့ ရွာကလယ်ယာတွေကို ထိန်းသိမ်းရင်းနဲ့ မိဘတွေဟာ ရွာမှာပဲ ဈေးရောင်းနေကြတယ်လေ။

ဦးဇင်းမှာတော့ ညီမနှစ်ယောက်ပဲ ရှိပါတယ်။ နှစ်ယောက်လုံးကိုလည်း သူများပေးလိုက်ရပါပြီ။ ညီမတွေနား ရပ်နေတဲ့လူတွေက ဦးဇင်းညီမ ခင်ပွန်တွေပါ။ အင်း အများအတွက် လုပ်ပေးချင်တဲ့လူဆိုတော့ ကိုယ့်ကပဲ သူများကိုပေးလိုက်ရပြီး ကိုယ့်ကတော့ ပြန်မယူဘဲ နစ်နာခံလိုက်တာပေါ့လေ။ ဘဲစားဘဲချေဆိုတဲ့ စကားဟာ ဦးဇင်းအတွက်တော့ မမှန်တဲ့စကားလို့ ပြောရမှာပဲ။ ကိုယ့်ကပဲ ပေးလိုက်ရပြီး ကိုယ့်က မယူလို့လေ။

ဒါပြင် ဦးဇင်းတို့လို သံဃာတွေသာ များများရှိနေရင် ကမ္ဘာပေါ်မှာရှိတဲ့ ကောင်လေးတွေ ပျော်နေကြမှာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်လျှော့တော့ တစ်ယောက်သူတို့အတွက် ပိုနေလို့လေ။ ဒါကြောင့်လည်း မြန်မာပြည်က ကောင်လေးတွေရော မိန်းကတွေပါ ထင်တိုင်းဖြစ်နေကြတာ ထင်ပါတယ်။ တကယ်ဆို ကောင်လေးတွေဟာ သံဃာတွေကို ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ပြိုင်လုမဲ့လူ နည်းသွားပြီး စိတ်ကြိုက်ပွေလို့ ရလို့ပါ။ အဲဒါကြောင့်မို့များ ခုခေတ်လူငယ်တွေ ပွေနေကြတာလား မသိပါဘူး။ အင်း လျှောက်တွေးကြည့်တာပါ။ ဘာရယ်လို့မဟုတ်ဘူး။ စိတ်ထဲပေါ်လာတာကို ရေးချလိုက်တာ။

ခုတော့ အချိန်မရလို့ ဒီလောက်ပဲ စိတ်ကူးပေါက်ရာ ရေးလိုက်ပါတယ်။ နောက်မှ စိတ်ကူးပေါက်တာတွေ ရေးချပါဦးမယ်။ ဦးဇင်းကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ပြောစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ပြောချလိုက်တယ်။ ရေးစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ရေးပစ်လိုက်တယ်။ ပွင့်လင်းလွန်းလို့လည်း အများကမကြိုက်ရင်တော့ ကမ္မသကာပေါ့လေ။




Monday, August 1, 2011

ပျော်ရွှင်ဖွယ်ရာကောင်းသော ခရီးတစ်ခု

ဆူနာမီကြောင့် ပျက်စီးသွားသောအဆောက်အဦး









ဆူနာမီကျောက်တိုင်














စာရေးသူတို့ သူငယ်ချင်းများသည် ကျောင်းပိတ်ရက်(22.07.2011)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ရှိ ဂေါ့မြို့ကမ်းခြေသို့သွားရောက်၍ လည်ပတ်လှည့်လည်ခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသည် ကျွန်းနိုင်ငံဖြစ်ခြင်းကြောင့် လေးဘက်လေးလံတွင် ပင်လယ်ဖြင့် ၀ိုင်းရံထားသဖြင့် ကမ်းခြေများစွာ ရှိပါသည်။





ထိုကမ်းခြေများစွာရှိသည့်အနက် မိမိတို့နှစ်သက်ရာမြို့ရှိ ကမ်းခြေများကို စိတ်တိုင်းကျ လည်ပတ်သွားလာနိုင်ပေသည်။ သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားသားခရီးသည်များသည် သီရိလင်္ကာရှိ ရိုးရာဓလေ့များ၊ ဗုဒ္ဓယဉ်ကျေးမှုသမိုင်းများ၊ ပင်လယ်ကမ်းခြေများသို့ သွားရောက်လည်ပတ်ကြ သည်ကို တွေ့မြင်ရသည်။



စာရေးသူသည် ရဟန်းတော်တစ်ပါးဖြစ်နေသည့်အတွက် ကမ်းခြေ၏သာသယာလှပမှု၊ ကမ်းခြေလေများ၏ သန့်ရှင်းကြည်လင်မှုများကို မြန်မာပြည်တွင် မရှု့ရှိုက်ခဲ့ရပေ။ ယခု ကမ်းခြေများစွာရှိသော သီရိလင်္ကာနိုင်ငံရောက်သော်လည်း လူအများသွားနေကြဖြစ်သော နေရာများတွင် ရဟန်းတော်များဖြင့် မသင့်တော်မှာဆိုးသဖြင့် မည်သူမျှ သွားလာခြင်းမရှိသော ကမ်းခြေတစ်နေရာကိုရှာဖွေကာ စာရေးသူတို့ သူငယ်ချင်းရဟန်းတော်များ ကမ်းခြေအလှအပကို ကြည့်ရှု့ပြီး ကမ်းခြေ၌ရှိသော သန့်ရှင်းသောလေများကို တ၀ကြီး ရှု့ရှိုက်ခဲ့ရပေသည်။



မြန်မာပြည်ရှိ ကမ်းခြေများကို မသွားဖူးခဲ့သဖြင့် ကမ်းခြေ၏အရသာအား မသိရှိခဲ့ရပေ။ ယခု သီရိလင်္ကာနိုင်ငံရောက်မှကမ်းခြေများ၏အလှအပ၊ကမ်းခြေတွင်ရှုရှိုက်ရသော လေများ၏အရသာကို ကောင်းစွာခံစားဖူးခဲ့ရပေသည်။ အမိမြန်မာပြည်ရှိ ငွေဆောင်၊ ချောင်းသာကမ်းခြေများသို့ သွားရောက်လှည်ပတ်ကြသူများ၏ ခံစားချက်များ၊ မြန်မာဗွီဒီယိုများတွင်ကြည့်ရသော ကမ်းခြေလှည်ပတ်ရခြင်း၏အရသာကို စာရေးသူလည်း ခုမှကိုယ်တိုင်ခံစားရ၍ အများသူငှာပျော်ရွှင်မှုများကို ခံစားတတ်ခဲ့ရပေသည်။



စာရေးသူတို့ သွားရောက်လည်ပတ်ခဲ့သော ဂေါ့မြို့သည် စာရေးသူတို့နေထိုင်ရာ ကိုလံဘိုမြို့နှင့်မိုင်(၁၅၀)နီးပါး ကွာဝေးသောကြောင့် (၄)နာရီကျော် ကားစီးပြီး လမ်းတွင်ရှိသော လည်ပတ်စရာများကိုပါ ၀င်ရောက်လည်ပတ်ခဲ့ကြသည်။ ဂေါ့မြို့သည် ပေါတူဂီများ အင်္ဂလိပ်နှင့်တိုက်ခိုက်သောအခါ ခံတပ် အဖြစ် ပြုလုပ်ခဲ့သော အဆောက်အဦးများ ယခုထက်တိုင် ခိုင်မာစွာတည်ရှိနေပါသေးသည်။



ဂေါ့မြို့သွားရာ လမ်းတလျှောက်တွင် သီရိလင်္ကာနိုင်ငံ ဆူနာမီဖြစ်ချိန်အခါက သေဆုံးခဲ့သော လူပေါင်း(၁၅၀၀)ကျော်၏ အုတ်ဂူများကို အမှတ်တရပြုလုပ်ပေးထားပြီး ဆူနာမီမှတ်တိုင်တည်ထားသည်ကို လည်း မြင်တွေ့ခဲ့ရသည်။ စာရေးသူတို့သည် လမ်းတွင်နိုင်ငံခြားသားများ စက်လှေဖြင့်လည်လှည့်လေ့ရှိသော ကျွန်းတစ်ခုသို့လည်း ၀င်ရောက် လိုက်လံကြည့်ရှု့ခဲ့ကြသည်။



မြန်မာပြည်တွင် မတွေ့ကြုံဖူးသော ကမ်းခြေကို အလှအပကို တွေ့မြင်ခဲ့ရဖြင့် စာရေးသူသည် အတိုင်းမသိ ၀မ်းသာကြည်နူးမှုများ ဖြစ်ခဲ့ရပေသည်။ စာရေးသူကဲ့သို့ပင် ကမ်းခြေသို့ရောက်ဖူးသူများလည်း ကမ်းခြေ၏အလှအပများကိုကြည့်၍ ကြည်နူးဝမ်းသာမှုများ ဖြစ်ကြလိမ့်မည်ဟု ထင်ပါသည်။ လူ့ဘဝတွင် မွန်းကျပ်မှုများစွာဖြင့် နေရသောကြောင့် စိတ်ရဲ့လွတ်လပ်မှုဆိုတာ တစ်ခါတလေတော့ ရှိသင့်ပါသည်။ သို့မှသာလျှင် စိတ်၏လန်းဆန်းမှုများကြောင့် အကြံဉာဏ်ကောင်းများ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် လူသားများ စိတ်ဆင်းရဲမှု၊ စိတ်မွန်ကျပ်မှုများဖြစ်နေလျှင် ဟိုတွေးဒီတွေး လုပ်မနေဘဲ မိမိစိတ်သက်ရာဖြစ်မဲ့နေရာဒေသသို့သာ သွားသင့်ပေသည်။



တစ်ချို့က စိတ်ညစ်တယ်ဆိုပြီး မိမိကိုယ်ကို သတ်သေသူများ ရှိကြပေသည်။ စိတ်ညစ်လို့သာ သတ်သေမယ်ဆိုရင် ဒီလောကကြီးထဲမှာ သတ္တ၀ါများ ရှိကြမည်မဟုတ်ပေ။ သတ္တ၀ါတိုင်းမှာ စိတ်အခန့်မသင့်မှု စိတ်ညစ်စရာဒုက္ခများသည် ရှိတတ်ဖြစ်တတ်ပေသည်။ ထို့ကြောင့် မိမိစိတ်ထိခိုက်စရာ ကြုံလာပြီးဆိုလျှင် မိမိစိတ်အပန်းပြေမည့် အလုပ်ကိုသာ လုပ်သင့်ပေသည်။ စာရေးသူလည်း စိတ်ရဲ့မွန်ကျပ်မှုမှန်သမျှ ပင်ပန်းမှုမှန်သမျှသည် ကမ်းခြေသို့ရောက်သည်နဲ့ ရေလှိုင်းနဲ့အတူ လွင့်မျှောပစ်လိုက်သလို ခံစားရသောကြောင့် စိတ်မွန်ကျပ်သည့်ဒုက္ခများ ပြေပျောက်သွားခဲ့ရပေသည်။



ထို့ကြောင့် လူသားအားလုံး စိတ်ညစ်စရာကြုံလာလျှင် နောင်တစ်ချိန်ကျမှ ဒီစိတ်ညစ်စရာတွေ ကို ရေလှိုင်းနဲ့အတူ လွင့်မျှောပစ်လိုက်မည်။ ခုလောလောဆယ်တော့ စုထားလိုက်ဦးမယ်လို့စိတ်ကူးကာ မိမိရှေ့ဆက်လုပ်စရာအလုပ်များကို လုပ်ကြပါလေ။ မိမိ ကမ်းခြေရောက်မှသာလျှင် မိမိစိတ်ညစ်ခဲ့သမျှ စိတ်မွန်းကျပ်ခဲ့သမျှကို ရေလှိုင်းနဲ့အတူ လွင့်ပစ်ကြပါ။ ထိုမတိုင်ခင်တော့ စုသာထားပါလို့ ပြောကြားပါရစေ။









Sunday, May 30, 2010

ဒါနသီရိလင်္ကာလင်္ကာအသင်း

စာရေးသူနှင့် ပညာပါရမီရှင် မယ်တော်ကြီးမှ သံဃာတော်များအား လှူဒါန်းမှုပြုစဉ် The writer and Mea Daw Gyi and friends donated money to the monks in Sri Lanka


Sunday, March 14, 2010

အရှင်ကောမလခ(ခ)ဆန်နီနေမင်း ဓာတ်ပုံများ


သီရိလင်္ကာရှေးဟောင်းပြတိုက်ရှေ့ အမှတ်တရ

တက္ကသိုလ်မသွားခင် သူငယ်ချင်းက ရိုက်လိုက်တဲ့ပုံလေးပါ

M.A ကျောင်းတက်စဉ် တက္ကသိုလ်ရှေ့အမှတ်တရ

15.02.2010 စင်္ကာပူရောက် အမှတ်တရ

29.02.2011 မလေးရှားရောက် အမှတ်တရ
ဘွဲ့မယူခင် အမှတ်တရ

M.A ဘွဲ့ယူပြီး အမှတ်တရ