Thursday, August 2, 2012

သီလယူရန် ခက်ခဲသူများ


ပြည်ပမှာ ဘုန်းတော်ကြီးကျောင်းများနဲ့ ဝေးတဲ့လူတွေ၊ မြန်မာပြည်တွင် ဘုန်းတော်ကြီးကျောင်းသွားဖို့ ရုံးအလုပ်နဲ့ ခက်ခဲတဲ့လူတွေက ဦးဇင်းကို ၀ါတွင်းကာလမှာ အလွယ်တကူသီလယူလို့ရအောင် ဥပုသ်သီလကို ပါဠိ-မြန်မာ (၂)ဘာသာနဲ့ အသံသွင်းပြီး facebook နဲ့ ဦးဇင်းဆိုဒ်မှာ တင်ပေးဖို့ တောင်းဆိုကြတယ်။
ဒါပေမဲ့ ဦးဇင်းဖြစ်စေချင်တာက သီလယူတာကို ဖြစ်နိုင်သမျှ ဘုန်းတော်ကြီးကျောင်းတွေမှာသွားပြီး လူသူများရှေ့မှာ သီလယူစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဘုန်းတော်ကြီးရှေ့မှာ သီလယူရင် မိမိကသီလကျုးလွန်မယ်လို့ ကြံစည်မိရင် သီလပေးထားတဲ့ပုဂ္ဂိုလ်အပေါ် ရိုသေလေးစားမှုကြောင့်လည်း သီလကို ကျုးလွန်ဖို့ ခက်ခဲသွားတယ်။

နောက်တစ်ခုက လူသူများရှေ့မှာ သီလယူထားတဲ့အခါကျတော့ မိမိသီလကျုးလွန်တော့မယ်ဆိုရင် ငါသီလယူထားတာ သူများတွေသိတယ်။ ကျုးလွန်လို့မဖြစ်ဘူးဆိုတဲ့ ဟီရိသြတ္တပ္ပစိတ်ကြောင့် သီလလုံခြုံမှုများလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းတော်ကြီးကျောင်းမှာတွင် လူသူများရှေ့မှာ ဖြစ်နိုင်သမျှ သီလယူကာ ကျင့်သုံးကြစေချင်ပါတယ်။

တကယ်လို့ လုံးဝ(လုံးဝ)ကို ဘုန်းတော်ကြီးကျောင်းများတွင် သီလယူဖို့ရန် ခက်ခဲလို့ သီလယူဖြစ်မဲ့ အခြေအနေမရှိဘူးဆိုရင်တော့ သီလမယူဘဲနေမှာဆိုးတဲ့အတွက် ဥပုသ်သီလယူရန် ဦးဇင်း ဟန်းဆက်နဲ့အသံသွင်း တင်ပေးပါမယ်လေ။

No comments:

Post a Comment