Wednesday, February 2, 2011

ဆန်နီနေမင်း အမေးအဖြေ ဘုရားဉာဏ်တော်နှင့်အားတော်

ဦးဇင်းကိုတော့ ဗဟုသုတ ရရှိသည့်အတွက် ကြည်ညိုမိပါသည်။ ကျွန်တော်မသိသည်များကိုလည်း မေးခွင့်ရှိရန်ခွင့်ပန်ပါသည်။ တကယ်မသိလို့ မေးခြင်းဖြစ်ကြောင်းဝန်ခံပါသည်။ (အာသာစရဏံဥာဏ်တော် ခြောက်ပါးနှင့် အားတော် ဆယ်ပါးတို့၏ အဓိပ္ပါယ်ကို ကောင်းစွာသိလိုပါသည် အရှင်ဘုရား)

အင်း သိချင်မှတော့ ဖြေပေးပါမယ်။ ပထမဦးဆုံး မြတ်ဗုဒ္ဓ၏ အာသာစရဏ ဉာဏ်တော်(၆)ပါးကို တင်ပြရမည်ဆိုလျှင်

၁။ အာသယာနုသယဉာဏ်-သတ္တ၀ါတို့၏အလို အာသာဟူသမျှကိုသိသောဉာဏ်။
၂။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်-သတ္တ၀ါ ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့် သိမြင်နိုင် သောဉာဏ်။
၃။ သဗ္ဗညုတဉာဏ်-တရားအလုံးစုံကို စုံအောင်သိသောဉာဏ်။
၎။ အနာဝရဏဉာဏ်-ဉေယျဓံတရားငါးပါးဖြစ်သော သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တို့ကို သိမြင်တော်မူရာ၌ အပိတ်အပင် အတားအဆီးမရှိသောဉာဏ်။
၅။ ယမကပါဋိဟာရိယဉာဏ်-တန်ခိုးပြာဋိဟာကိုပြရာ၌ လေ့လာပြီးသောဉာဏ်။
၆။ မဟာကရုဏာ သမာပတ္တိဉာဏ်-သတ္တ၀ါများကို အလွန်သနားတော်မူသော ဉာဏ်တို့ပင် ဖြစ်ပါပေသည်။

ထို့နောက် မြတ်ဗုဒ္ဓ၏ အားတော်ဆယ်ပါးဆိုသည်မှာ
၁။ ကာဠာဝကဆင်-လူဆယ်ယောက်ခန့် အင်အားကြီးသောဆင်။
၂။ ဂင်္ဂေယျဆင်-ကာဠာဝကဆင် ဆယ်ကောင် လူတစ်ရာမျှ အင်အားကြီးသော ဆင်။
၃။ ပဏ္ဍရဆင်-ဂင်္ဂေယျဆင် ဆယ်ကောင် လူတစ်ထောင်မျှ အင်အားကြီးသော ဆင်။
၎။ ပိင်္ဂလဆင်-ပဏ္ဍရဆင် ဆယ်ကောင် လူတစ်သိန်းမျှ အင်အားကြီးသောဆင်။
၅။ ဂန္ဓဆင်-ပိင်္ဂလဆင် ဆယ်ကောင် လူတစ်သိန်းမျှ အင်အားကြီးသောဆင်။
၆။ မင်္ဂလဆင်-ဂန္ဓဆင် ဆယ်ကောင် လူတစ်သန်းမျှ အင်အားကြီးသောဆင်။
၇။ ဟေမဆင်-မင်္ဂလဆင် ဆယ်ကောင် လူတစ်ကုဋေမျှ အင်အားကြီးသောဆင်။
၈။ ဥပေါသထဆင်-ဟေမဆင် ဆယ်ကောင် လူဆယ်ကုဋေမျှ အင်အားကြီးသော ဆင်။
၉။ တမ္ဗဆင်-ဥပေါသထဆင် ဆယ်ကောင် လူကုဋေတစ်ရာမျှ အင်အား ကြီးသောဆင်။
၁၀။ ဆဒ္ဒန်ဆင်-တမ္ဗဆင် ဆယ်ကောင် လူကုဋေတစ်ထောင်မျှ အင်အား ကြီးသောဆင်။

မြတ်ဗုဒ္ဓ၏ အင်အားတော်သည် ဆဒ္ဒန်ဆင်တစ်ရာ လူပေါင်းကုဋေတစ်သိန်းတို့၏ အင်အားနဲ့ညီမျှအောင် ကြီးမားလှပေသည်။ ဤမျှလောက်ဆို ပြည့်စုံမည်ထင်သောကြောင့် ယခုတော့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ပါရစေ။

1 comment:

  1. တင့်ပါ မေးစရာရင် မေးပါ့မယ်ဘုရား အရှင်ဘုရား ကျမ္မာပါစေ

    ReplyDelete