Thursday, July 19, 2012

Presentation in University Of Kelaniya

ယနေ့ မိမိတက်ရောက်ပညာသင်ကြားနေတဲ့ ကေလနိယတက္ကသိုလ်မှာ M.phil ကနေ Ph.D တက်ရန် Presentation လုပ်တဲ့ သီရိလင်္ကာလူမျိုးတစ်ယောက်၊ Ph.D ကျမ်းပြီးလို့ Presentation လုပ်တဲ့ သီရိလင်္ကာလူမျိုးတစ်ယောက်နဲ့ Ph.D ကျမ်းပြီးလို့ Presentation လုပ်တဲ့ မြန်မာရဟန်းတော်တစ်ပါး စုစုပေါင်း(၃)ဦး တက္ကသိုလ်စည်းဝေးခန်းမမှာ စည်းဝေးထိုင်ကြပါတယ်။ အဲဒီအစည်းဝေးကို ဦးဇင်းလည်း နောက်တစ်ချိန်ကြုံတွေ့ရမဲ့ဟာမို့ သွားရောက်လေ့လာခဲ့ရာ မနက်(၁၁)နာရီကနေ ညနေ(၂)နာရီထိုးခါနီးမှ ပြီးဆုံးသွားခဲ့ပါတယ်။

M.Phil ကျမ်းကနေ Ph.D ကျမ်းကိုဆက်ရေးမယ်ဆိုရင်လည်း ကျောင်းသားဖြစ်တဲ့သူဟာ ခုလို Presentation ကို အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရပါတယ်။ Ph.D ကျောင်းသားဖြစ်သွားပြီးရင်တော့ မိမိရဲ့ Supervisor နဲ့က အမြဲတစေလိုလို တွေ့ပြီးဆွေးနွေးနေရသလို တက္ကသိုလ်ပါမောက္ခနဲ့လည်း ကျမ်းရေးပြီးလို့ တင်ခါနီးမှာ တွေ့ဆုံးစည်းဝေးပွဲ ပြုလုပ်ရပါတယ်။ နောက်ပြီး Ph.D ကျောင်းသားဟာ Presentationကိုတော့ အနည်းဆုံး(၂)ကြိမ်ပြုလုပ်ရပါတယ်။

Presentation ဆိုတာ ဘာလုပ်ရတာလဲဆိုတော့ M.Phil ကျောင်းသားဆိုရင် မိမိဆက်လက်ရေးမဲ့ Ph.D ကျမ်းမှာ ဘယ်လိုအကြောင်းအရာတွေကို ဘယ်လိုအထောက်အထားတွေနဲ့ ရေးမယ်။ ဘယ်လို သုတေသနပြုမယ်။ ဘယ်သူတွေရေးထားတာကို မိမိက မှားမှန်ခွဲခြားပေးမယ်။ သမိုင်းကြောင်းကို ဘယ်လိုလေ့လာသုံးသပ်မယ်ဆိုတာတွေကို ပြောဆိုတင်ပြပေးရပါတယ်။ အဲဒီလိုပြောဆိုတင်ပြတာကို ဆရာတွေက လက်ခံသဘောကျလို့ Ph.D ကျမ်းဆက်ရေးဖို့ရာ လက်မှတ်ထိုးပေးမှ ဒေါက်တာကျမ်းကို ဆက်လက်ရေးသားရပါတယ်။

Ph.D ကျောင်းသားဆိုရင်တော့ မိမိကျမ်းရဲ့ အကျဉ်းချုပ်ကိုလည်း ပြောဆိုပေးရတယ်။ ကျမ်းစာအုပ်ရဲ့ အခန်းတိုင်းမှာရေးထားတာကိုလည်း အကျဉ်းပြောပြပေးရတယ်။ ဘယ်လိုအထောက်အထားတွေနဲ့ ဘယ်လိုတွေ သုံးသပ်တင်ပြထားတယ်ဆိုတာကိုလည်း ပြောဆိုပေးရပါတယ်။ မိမိကျမ်းဟာ ဘယ်လောက်ခိုင်မာတယ်ဆိုတာကိုလည်း ပြောပြရပါတယ်။ နောက်ဆုံး မိမိကျမ်းအကြောင်း ကို ပြောဆိုပြီးသွားရင် အစည်းဝေးမှာ တက်ရောက်လာတဲ့ တက္ကသိုလ်ဆရာတွေရဲ့ မေးမြန်းချက်အားလုံး ကို ဖြေဆိုပေးရပါတယ်။ ဒါပြင် တက်ရောက်လာတဲ့ ပညာရှင်၊ ကျောင်းသား၊ ကျောင်းသူများရဲ့ မိမိကျမ်းနဲ့သက်ဆိုင်ရာများကို မေးမြန်းလျှင်လည်း ဖြေဆိုပေးရပါတယ်။ အဲဒီလို မေးသမျှကို လွယ်ကူစွာဖြေဆိုအောင်မြင်သွားရင်တော့ Ph.D ကျမ်းရေးတာဟာ အောင်မြင်သွားပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ရဲ့စည်းဝေးဘုတ်အဖွဲ့ကို တင်ပြပေးရပါဦးမယ်။ အဲဒီလိုတင်ပြပြီးလို့ တက္ကသိုလ်ပါမောက္ခ ဆရာတွေအားလုံးက လက်ခံသဘောကျမှသာ ဒေါက်တာဘွဲ့ရရှိမယ်ဆိုတာကို စာပို့ပေးပြီးသကာလ တစ်နှစ်ကျော်လောက်ကြာတဲ့အခါ ဒေါက်တာဘွဲ့ကို ဘွဲ့နှင်းသဘင်အခမ်းအနားတက်ပြီး ယူရပါတယ်။

Presentation လုပ်တဲ့အခါ အနည်းဆုံး တက္ကသိုလ်စာသင်ဆရာ(၄)ဦးလောက်နဲ့ အပြင်ပညာရှင်၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၃၀)လောက် လာရောက်ကြပါတယ်။ အဲဒီလူတွေ အားလုံးရဲ့ရှေ့မှာမိမိကျမ်းအကြောင်းကို ပြောပြပေးရပါတယ်။ မေးသမျှကို ဖြေဆိုပေးရပါတယ်။ ဒါက Presentation လုပ်တဲ့အစီစဉ်လေးပါ။ အားလုံးဗဟုသုတရရှိအောင်၊ နောက်နောင် ပညာသင်ယူမဲ့ သံဃာများပါ သိရှိရအောင် မိမိအတွေ့အကြုံလေးကို တင်ပြပေးလိုက်တာပါ။

မြန်မာရဟန်းတော်တစ်ပါးမှ သူ့ရဲ့ Ph.D ကျမ်းအကြောင်း ရှင်းပြနေစဉ်

သီရိလင်္ကာကျောင်းသားမှ သူ့ရဲ့ Ph.D ကျမ်းအကြောင်း ရှင်းပြနေစဉ်

သီရိလင်္ကာကျောင်းသားမှ M.Phil ကျမ်းမှ Ph.D ကျမ်းဆက်ရေးရန် ရှင်းပြနေစဉ်

တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ

သူငယ်ချင်းများနဲ့အတူ

No comments:

Post a Comment