Wednesday, July 27, 2011

gtalk account အလွယ်တကူ ဖွင့်နည်း

ယခု အကောင့်သစ်ဖွင့်တဲ့အခါမှာ ဘာမှထည့်စရာမလိုဘဲ နဂိုအတိုင်း ဖွင့်ရအောင်အတွက် တစ်နိုင်ငံက သူငယ်ချင်းကနေ Invite mail ပို့ပေးဖို့ပဲ လိုပါတယ်။ မြန်မာနိုင်ငံအချင်းချင်း ပို့လို့ရမရတော့ စာရေးသူလည်း သေချာမသိသေးပါ။ မြန်မာပြည်သို့ ပြည်ပနိုင်ငံကပို့လျှင်လည်းကောင်း၊ ပြည်ပနိုင်ငံသို့ မြန်မာပြည်ကပို့လျှင်လည်းကောင်း အကောင့်သစ် ဖွင့်လို့ရတာတော့ သေချာပါသည်။


Invite mail ပို့ပုံလေးကတော့ gmail ဖွင့်လိုက်တာနဲ့ ဘယ်ဘက်ချက်ဘောက်အောက်ဆုံးမှာ Invite a friend Give Gamil to ဆိုတဲ့ စာလေးအောက်၌ ကွက်လက်လေးတစ်ခု ရှိပါတယ်။ ထိုကွက်လက်လေးထဲကို မိမိ Invite ချင်တဲ့အကောင့်ကို ဥပမာ-sanninaymin@gmail.com လို့ ရိုက်ထည့်ပြီးလျှင် ကွက်လပ်အောက်က Send invite ကို နှိပ်လိုက်ပါ။

အဲဒီလို တစ်ဘက်နိုင်ငံလူက လုပ်ပေးလိုက်လျှင် Invite လုပ်ခံရတဲ့အကောင့်ထဲမှာ Google mail တစ်စောင် ရောက်သွားပါမယ်။ အဲဒီမေးလ်ကို ဖွင့်လိုက်လျှင် Sign up ဆိုတဲ့ဟာကို နှိပ်လိုက်ပါက အကောင့်သစ်ဖွင့်တဲ့နေရာ ရောက်သွားပါပြီး။ ဒါဆို အကောင့်သစ်ဖွင့်လိုက်ရုံပါပဲ။

ဒီနည်းလေးကို စာရေးသူသည် ကိုယ်တိုင်စမ်းသပ်လေ့လာပြီး အများသိရှိအောင် တဆင့်ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါသည်။ စာရေးသူ ဒီနည်းလေးသိရှိရတဲ့နေရာလေးကတော့ http://www.shwemyotaw.com/forum/topic/show?id=5442636%3ATopic%3A1689021&xgs=1&xg_source=msg_share_topic ကဖြစ်ပါတယ်။ အားလုံး အလွယ်တကူ ဖွင့်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…..။

No comments:

Post a Comment