Saturday, December 31, 2011

ဒုတိယအကြိမ် ဘာသာရေးအကောင်းဆုံးဆု ထပ်မံရရှိခြင်း

အရင်နိုဝင်ဘာလကလည်း ဦးဇင်းကို ရွှေမြန်မာဥယျာဉ်ဆိုဒ် http://goldenmyanmar paradise.ning.com/profiles/blogs/2011-4 ကပဲ ဘာသာရေး အကောင်းဆုံးဆုကို ပေးအပ်ခဲ့ပါတယ်။ အခု ဒီဇင်ဘာလမှာလည်း ဒုတိယအကြိမ် ဆုထပ်မံချီးမြှင့်ပြန်ပါတယ်။ ဦးဇင်းက ကိုယ့်အတွက် သံသရာပါမဲ့ ကောင်းမှုများလုပ်ရင်း အများအတွက်အကျိုးရှိအောင် မိမိတက်နိုင်သမျှ အမေးအဖြေများ လုပ်ပေးခြင်း၊ ဗဟုသုတဆောင်းပါးများရေးပေးခြင်း၊ ဂျာနယ်အတွက် ဆောင်းပါးရေးပေးခြင်းတို့ကို ဦးဇင်းပညာသင်ချိန်ထဲက အားတဲ့ချိန်မှာ လုပ်ပေးနေတာပါ။ ဒါဟာလည်း ဦးဇင်း လူ့ဘ၀လေး ရရှိတဲ့အချိန်မှာ တန်ဖိုးရှိစွာ ဘ၀ကို အများကျိုးတွက် အလုပ်လုပ်ရင်း မိမိသံသရာ အတွက်ပါကောင်းအောင် လုပ်ပေးနေတာပါ။

ခုလို ဦးဇင်းရဲ့ အများအကျိုးလုပ်ပေးမှုကို သက်သေတည်ပြီး အမှတ်တရဖြစ်အောင် အထူးအစီစဉ်အနေနဲ့ ဂုဏ်ပြုချီးမြှောက်တော့လည်း မလိုအပ်တာမှန်ပေမဲ့ ချီးမြှောက်မှုကို ၀မ်းသာပီတိဖြစ်မိပါတယ်။ ဒီနောက်နောင်မှာတော့ ဦးဇင်းရဲ့ အသိပညာများ အများအကျိုးအတွက် ဒီထက်မက ဖြန့်ဖြူးပေးနိုင်အောင် သင်ယူနေတဲ့ ဒေါက်တာဘွဲ့နဲ့ဆိုင်ရာ အလုပ်များ ပိုမိုများလာတော့မှာမို့ နောက်နောင် ဆောင်းပါးရေးခြင်း၊ အမေးအဖြေလုပ်ပေးခြင်းများ အရင်ကလောက် ဆက်တိုက်မတင်ပြပေးနိုင်ရင်လည်း အချိန်ပေး ဖတ်ကြပါလို့ ပြောပါရစေ။ ဦးဇင်း အချိန်ရရင်တော့ ရသလို အိပ်ချိန်တွေကို အစားထိုး ကာ ဆောင်းပါးရေးခြင်းနှင့် မေးဖြေများကို ပြုလုပ်ပေးသွားပါမယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး မိမိတို့ပန်းတိုင်ကို လျင်မြန်စွာရောက်အောင် ဘ၀ကို တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။

3 comments:

  1. ဂုဏ်ယူပါတယ်ဘုရား .. ဘာသာအကျိုး၊သာသနာအကျိုးကို
    ဆတက်ထမ်းပိုး ဆောင်ရွက်တော်မူနိုင်ပါစေဘုရား

    ReplyDelete
  2. လှိုင်ဘွား(သီချင်းအိမ်)December 31, 2011 at 7:19 PM

    ဝမ်းသာပီတိဖြစ်ရပါတယ် အရှင်ဘုရာ့
    နောက်ထပ်လည်း သာဿနာရေး အတွက် ပိုပြီး စွမ်းဆောင်နိုင်ပါစေလို့  ဆုတောင်းမေတ္တာ ပို့ သလျက်ပါ
    ဦးတင်ပါတယ် အရှင်ဘုရာ့ ။

    ReplyDelete
  3. အရင်နိုဝင်ဘာလကလည်း ဦးဇင်းကို ရွှေမြန်မာဥယျာဉ်ဆိုဒ် http://goldenmyanmar paradise.ning.com/profiles/blogs/2011-4 ကပဲ ဘာသာရေး အကောင်းဆုံးဆုကို ပေးအပ်ခဲ့ပါတယ်။ အခု ဒီဇင်ဘာလမှာလည်း ဒုတိယအကြိမ် ဆုထပ်မံချီးမြှင့်ပြန်ပါတယ်။

    ReplyDelete