Wednesday, October 12, 2011

သီတင်းကျွတ်ည ဆီးမီးတစ်ထောင်ပူဇော်ပွဲ အမှတ်တရ

ဆီးမီးပူဇော်ပြီး အမှတ်တရ
ဗောဓိညောင်ပင်ကို ၀ိုင်းရံထားသော အုတ်တံတိုင်းပေါ်တွင် ဆီးမီးပူဇော်ထားပုံ
သံဃာများစုပေါင်းပြီး ဆီးမီးပူဇော်စဉ်
ဆီးမီးလိုက်လံထွန်းနေစဉ်
မြတ်ဗုဒ္ဓအား ဆီးမီးဖြင့် မပူဇော်ခင် မိမိကိုယ်ကို စင်ကြယ်အောင် ဒေသနာကြားနေစဉ်
၁၃၇၃-ခု စာရေးပြီး ဆီးမီးဖြင့် ပူဇော်ထားပုံ
ဗောဓိညောင်ပင်အောက်တွင် ဆီးမီးပူဇော်စဉ်
မီးထွန်းပွဲ ၁၃၇၃-ဟု ဆီးမီးများဖြင့် စာရေးနေစဉ်
ဗောဓိညောင်ပင်အောက်တွင်း ကိုးကွယ်ထားသော မြတ်ဗုဒ္ဓဆင်တုတော်
Add Imageဆီးမီးတစ်ထောင်ပူဇော်နေစဉ်

သီတင်းကျွတ်လပြည့်၊ 12.10.2011 ရက်နေ့ သီရိလင်္ကာ မြန်မာကျောင်းတွင် မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွလာသောအချိန်အခါသမယနေ့ဖြစ်သဖြင့် မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အာရုံပြုပြီး ရှိခိုးခြင်း၊ ဆီးမီးပူဇော်ခြင်း၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ ဘုရားအနေကဇာတင်ခြင်း၊ အမျှဝေခြင်းများကို ပြုလုပ်ရာ၌ အမှတ်တရ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ ဆီးမီးလှူဒါန်းခြင်း ဒါန၊ မြတ်ဗုဒ္ဓ နတ်ပြည်မှ ပြန်ကြွလာသည်ကို အာရုံပြုပြီး ရှိခိုးပူဇော်ရသော ဗုဒ္ဓနုဿတိဘာဝနာ၊ ပရိတ်ရွတ်ဖတ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းဟူသော ဓမ္မဒေသနာ၊ မေတ္တာပို့ခြင်းဟူသော မေတ္တာဘာဝနာ၊ မိဘ၊ ဆရာသမား၊ မိမိအား လှူဒါန်းသူများ၊ ကျွမ်းဝင်သိရှိသူများမှအစ သုံးဆယ့်တစ်ဘုံသားတို့အား အမျှဝေပေးသော ပတ္တိဒါန၊ ယနေ့အခါသမယမှာ မြန်မာပြည်က ကောင်းမှုလုပ်သူများအားလုံး၏ ကောင်းမှု ကုသိုလ်များကို အာရုံပြုပြီး သာဓုခေါ်ဆိုရသော ပတ္တာနုမောဒနကုသိုလ်များကြောင့် ဦးဇင်း ဒီနေ့အလွန်အင်မတန်ပျော်ရွှင်၍ အလွန်အင်မတန်များစွာသော ကောင်းမှုများလည်း ရရှိခဲ့ပါသည်။ ဦးဇင်းရရှိခဲ့သော ကောင်းမှုများအားလုံးကို အားလုံးအား အမျှဝေပါတယ်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ပါးချမ်းသာ လိုရာဆန္ဒပြည့်ဝကာ မိမိတို့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာရောက်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုမေတ္တာပို့သလျက်.............။

No comments:

Post a Comment