Friday, October 7, 2011

မိဘနှင့်သစ္စာသိသူ

အမေး။ ။ သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ ဆရာသမား (လူပုဂ္ဂိုလ်)နဲ့ သစ္စာတရား ကို ဟောပြောဆုံးမနိုင်စွမ်းမရှိတဲ့ မိဘနှစ်ပါးမှာ ဘယ်သူ့ကို ရှေ့တန်းတင် ဦးစားပေးသင့်ပါသလဲဘုရား။ တကယ်လို့ မိဘစကားနားမထောင်ဘဲ အဲဒီသစ္စာဟောပြနိုင်သူရဲ့ စကားပဲနားထောင်မယ်ဆိုရင် ဘယ်ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဘုရား။

မောင်ပြည့်စုံအောင်
S.M.T.University
စိန့်ပီတာစဘတ်မြို့ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။ အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ အယူအဆအတွေးခေါ်များ မြှင့်တင်ဖို့အတွက် အရေးကြီးတယ်။ သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ သူရဲ့လမ်းညွန်မှုကိုလည်း မပယ်သင့်သလို မိဘများရဲ့ ကောင်းတဲ့လမ်းညွန်မှု၊ ဆုံးမသွန်သင်မှုအောက်ကနေ ရုံးထွက်လို့လည်း မရပါဘူး။ ဥပမာ-မြတ်စွာဘုရားတရားတော်ဟာ လူသားအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လမ်းညွန်မှုကိုပေးသလို မိဘများကလည်း သားသမီးများအပေါ် ကောင်းမြတ်တဲ့ ဆုံးမပဲပြင်လမ်းညွန်မှုတွေကို ပေးစေပါတယ်။ ရတနာသုံးပါးနဲ့ မိဘတို့ရဲ့ ဂုဏ်များဟာ မတူညီကြသော်လည်း သူ့နေရာနဲ့သူ တန်ဖိုးမဖြတ်နိုင်တဲ့ဂုဏ်များ ရှိကြပါတယ်။ ဒါကြောင့် မောင်ပြည့်စုံအောင်က ဆရာသမားရော မိဘများပါ နှစ်ဦးစလုံးကို ဆည်းကပ်သင့်ကြောင်း အဖြေပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

No comments:

Post a Comment