Friday, October 7, 2011

ဆန်နီနေမင်း ဒဿနများ စုစည်းမှု

ဒါလေးကတော့ စာရေးသူ ငယ်စဉ်က စုထားတာရော၊ ကိုယ်ပိုင်ရေးထားတာရော မှတ်စုလုပ်ထားတဲ့ ဒဿလေးတွေပါ။ ခုမှ ပြန်လည်သတိရတာနဲ့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။ အမှားပါရင်လည်း ထောက်ပြပေးကြပါနော်။ သိလို့ရေးတာတော့ မဟုတ်ဘူး။ မိမိအမှတ်တရ ကြိုက်နှစ်သက်တဲ့ ဒဿနအတွေးလေးတွေမို့ပါ။ အဓိကကတော့ အင်္ဂလိပ်လိုက ကိုယ်တိုင်ရမ်းပြန်ထားတာဆိုတော့ ဆရာကြီးမဟုတ်သေးလို့ မှားဖို့များပါတယ်။ အင်္ဂလိပ်စာက သင်လို့မကုန်နိုင်တဲ့ပညာရပ်ထဲမှာ သူလည်းပါတယ်လေ။ ဒါကြောင့် ခု ဦးဇင်း ကျမ်းရေးရတော့မှာဆိုတော့ အင်္ဂလိပ်စာ အားနည်းသေးလို့ အခက်တွေ့နေတာလေ။ ဒီဒဿနလေးများကို မိမိတို့ကိုယ်တိုင်လည်း လိုက်နာသင့်တာများကို လိုက်နာနိုင်အောင် ကြိုးစားကြပေါ့လေ။ ဒဿနများကတော့


အလှအပဆိုတာ ယနေ့မင်းရဲ့ လက်တစ်ကမ်းမှာပဲ ရှိတယ်။

Beauty is within your reach today.

ချစ်ပြီဆိုရင် ခံစားရတယ်၊ ခံစားရပြီဆိုရင် ငိုရတော့တာပါပဲ။

Feeling comes from love and crying from feeling.

ပညာရေးခရီးမှာ အချစ်ကျောက်ဆောင် မတိုက်မိအောင် သတိနဲ့ရှောင်ပါ။

During educational journey, be aware not to hit the love rock.

များများရင်းပြီး နည်းနည်းပဲပြန်ရတတ်တာ အချစ်တဲ့၊ သုံးလေးဖြုန်းလေ တိုးပွားလေဖြစ်တာက မေတ္တာပါ။

You give a lot but less in return is love. More you spend or waste and you get more in return is loving kindness.

အတိတ်ကိုလည်း ပြန်မလွမ်းနဲ့၊ အနာဂတ်ကိုလည်း ကြိုမတွေးနဲ့၊ ပစ္စုပ္ပန်မှာ အကျိုးရှိအောင် နေတတ်ပါစေ။

Let the past be the future still away so live peacefully in the present day.

သေရင် မြေကြီးဖြစ်ပေမဲ့ ရှင်နေတုန်းမှာ ဖွတ်ချေး မဖြစ်ပါစေနဲ့။

Although death is earth, don’t let the living to be lizard.

ဇွဲကောင်းခြင်းသည် ဘ၀အောင်မြင်ခြင်း၏ အရေးပါသော အကြောင်းရင်းဖြစ်သည်။

Endurance is an important factor of success in life.

ရေကြည်ကိုသောက်ချင်ရင် ရေနောက်ကိုလည်း စောင့်ရမည်။

If you want to drink pure water, you must wait dirty water.

No comments:

Post a Comment