Tuesday, October 4, 2011

စိဉ္ဖမာဏ၀ိကာရဲ့အစွပ်အစွဲခံရခြင်းအကြောင်း

အမေး။ ။ ဆရာတော်ဘုရား…..စိဉ္ဇမာဏ၀ိကာအမျိုးသမီးဟာ မြတ်စွာဘုရားအား စွပ်စွဲရခြင်းရဲ့အတိတ်ဘ၀ ဇာတ်ကြောင်းများရှိရင် အားလုံးသိအောင် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ဒေါက်တာ ဦးတင့်ဇင်ဦး

Mansfield,England

အဖြေ။ ။ သည်မေးခွန်းမှာ ဘုရားအလောင်းတော် အရက်သမားဘ၀ဖြစ်ခဲ့စဉ်က ဘုရားအလောင်း အရက်သမားရဲ့ ဖျက်ဆီးမှုကြောင့် သစ္စတပါပီဆိုတဲ့ ပရိဗိုဇ်မဟာ အညိုးထားပြီး ယခုဘ၀ စိဉ္ဇမာဏ၀ိကာအဖြစ်နဲ့ ယုတ်မာစွာ မြတ်စွာဘုရားအား ပြန်လည်စွတ်စွဲခဲ့တယ်၊ သည်အကြောင်းကို လူအတော်များများကလည်း ဒီိလိုပဲ သိထားကြတယ်လို့ သိရပါတယ်။ သည်ဇာတ်ကြောင်းမှာ ဘုရားအလောင်းတော်ဖြစ်တဲ့ မဟာကုဏာလမင်းဟာ သေသောက်ကြူး ဖြစ်ခဲ့တာမှန်ပါတယ်။ ဒါပေမယ့် သစ္စတပါပီကို ဖြားယောင်းခဲ့တာက ဘုရားအလောင်းမဟုတ်ပါဘူး၊ သာမန်ပညာရှင်တစ်ယောက်ဖြစ်တယ်။ ထိုအကြောင်းကို သိသာရုံ ဖေါ်ပြပါဦးမယ်။

ရှေးအခါက သစ္စတပါပီ ပရိဗိုဇ်မဟာ သုဿာန်မှာနေပါတယ်။ တစ်နေ့မှာ ရွှေပန်းထိမ်သည်နှင့် အပေါင်းအပါတစ်စုဟာ အရက်သောက်နေကြတယ်။ အဲဒီမှာ အရက်သမားတစ်ယောက်က ‘နမော သစ္စတပါပီယော’ သစ္စတပါပီကို ရှိခိုးပါ၏ဆိုပြီး ပြောလိုက်တယ်။ ထိုစကားကို အနီးမှာရှိနေတဲ့ ပညာရှင်ဆိုသူက “မိန်းမဆိုတာ သီလမရှိတဲ့သူက များကြတယ်၊ သစ္စတပါပီ သီလရှိ/မရှိကို ယနေ့မှရေတွက်ရင် ခုနှစ်ရက်မြောက်နေ့မှာ အရက်အိုးထမ်းလာတာ မြင်စေရမယ်”လို့ ကျပ်တစ်ထောင်ဖြင့် ကြေးလောင်းကြတယ်။

ဒါနဲ့ပညာရှင်ဆိုသူက ရသေ့အသွင်ဆောင်ကာ ဖြားယောင်းတဲ့အတွက် သစ္စတပါပီက အဟုတ်မှတ်ကာ အရက်အိုးထမ်းလာရတဲ့အဖြစ်သို့ ရောက်ရပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ ရင်းနှီးပြီး အကြင်လင်မယားအဖြစ်သို့ ရောက်ကြတယ်။ သူတို့နှစ်ဦးကို အမှီပြုပြီး သားသမီးများစွာလည်း ထွန်းကားခဲ့တယ်လို့ ဖတ်ရတယ်။ ရန်ငြိုးဖွဲ့ခဲ့တယ်ဆိုတာ မပါဘူး။ ထို့အပြင် ထိုပညာရှင်ဟာလည်း ဘုရားလောင်းမဟုတ်သလို သစ္စတပါပီဟာလည်း စိဉ္ဇမာဏ၀ိကာလို့ ဖေါ်ပြထားခြင်း မရှိပါဘူး။

အချူပ်ဆိုရသော် ၀ိပါတ်တော်(၁၂)ပါးဆိုင်ရာ အစွပ်စွဲခံရမှုမှာ ဘုရားအလောင်းက ပစ္စေကဗုဒ္ဓါအား စွပ်စွဲခဲ့ဖူးသောအကြောင်းကြောင့်သာဖြစ်ကြောင်း အပဒါန်တွင် ဆိုထားပါတယ်။ (အပဒါနပါဠိ-၁၂၈)

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

No comments:

Post a Comment