Tuesday, August 23, 2011

သိက္ခာပုဒ်နှင့် မညီသော ရဟန်းများအားအပြစ်တင်ပါက အပြစ်ဖြစ်သလား

မေး။ ။ အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊ ဥပမာ ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲချမ်းသာမကြည့် မတရားဘက်လိုက်သဖြင့် မှန်ကန်သောဆင်းရဲသားများ ပိုမိုနစ်နာဆုံးရှုံးခြင်းတို့ ဖြစ်ရပါတယ်ဘုရား။ ဒါ့ကြောင့် ထိုသို့သောရဟန်းတော်များအား အပြစ်ပြောလျှင် အပြစ်ဖြစ်ပါသလားဘုရား။



ဦးခင်မောင်သိန်း

ညောင်ရွှေမြို့





ဖြေ။ ။ ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် (၂)ပါးရှိတယ်။ သားတော်ကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူများတယ်။ သားတော်ငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်။ ထိုလူယုတ်မာ သားတော်ငယ်လေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။ သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ်ဘုရား။ ဆဲရေးတိုင်းထွာလျှင်ကော။ အသတ်ခံရ ပါလိမ့်မယ်ဘုရား။ အေးအေး၊ မင်းတို့ ဒီလိုသိတတ်ရင်တော်ပြီ။ ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရောပေါ့-ဟု မိန့်တော်မူတယ်။



ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်ဟု ညောင်လေးပင်မြို့၌ ဦးဘိုးအင်ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေဦးတိုးကြီးက ပြန်၍ပြောပြဖူးသည်ဆို၏ဟု ပါရှိသည်။



ဘုန်းတော်ကြီး ဦးသီလ ဆိုလိုသည်မှာ လူအချင်းချင်း ကိုယ့်ထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးမားသူကိုတောင် ပြစ်မှားမိလျင် အပြစ်ဖြစ်တတ်၏၊ ကိုယ်ပြစ်မှားမိသူသည် သီလ သမာဓိ ပြည့်စုံနေလျင် ဆဲရေးဝေဖန် တိုင်းထွာသူမှာ အပြစ်ကြီးလေးတတ်၏၊ ထို့ကြောင့် အချို့လူများသည် သေခါနီးအချိန်တွင် ကံသုံးပါးနှင့် ပြစ်မှားမိတာများရှိက သံသရာဝဋ်ကြွေး မပါစေရန် တောင်းပန်လေ့ရှိကြ၏၊ မကောင်းတာလုပ်နေလျင် ကိုယ်နှင့်မဆိုင်၊ သူ့လမ်းသူ သွားလိမ့်မည်ဆိုသည့် သဘောပင်။



ဘုန်းတော်ကြီး ဦသီလ၏ ထေရုပ္ပတ္တိ



ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း) ဆရာတော် ဖြေကြားသည်။



No comments:

Post a Comment