Friday, September 16, 2011

အမိမဲ့သား ရေနည်းငါး အဓိပ္ပာယ်

အမိမဲ့သား ရေနည်းငါးဆိုသည်မှာ ထိန်းသိမ်းပြုပြင် ညွှန်ကြားမဲ့မိခင်နဲ့ ကွဲကွာနေရတဲ့ သားဟာ ခန်းလုဆဲ ရေနည်းအိုင်တွင်နေရတဲ့ ငါးကဲ့သို့ လန်းဆန်းရွှင်ပျခြင်းမရှိနိုင်ပါ။ မိဘအားကိုးထိုက်တဲ့ပုဂ္ဂိုလ်မရှိရင် သတ္တ၀ါတွေဟာ အားငယ်တတ်ပါတယ်။ ကြီးကြပ်အုပ်ချုပ် ကွပ်ကဲမဲ့သူ ဖေးမယုယပြုစု ကူညီမဲ့သူမရှိခြင်းကြောင့် အားငယ်ရခြင်းကို တင်စားသုံးနှုန်းတဲ့ စကားပုံဖြစ်ပါတယ်။


မည်သူမဆို မိမိရဲ့မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ ကွဲကွာရတဲ့အခါ အားငယ်ခြင်း၊ သတိရခြင်းတွေဖြစ်တဲ့အပြင် မိဘများရဲ့ ကျေးဇူးတရားကြီးမားပုံ၊ မိမိအပေါ်လိုလေစိတ်မရှိ ပြုလုပ်ခဲ့တာတွေစတဲ့ မိဘမရှိခြင်းရဲ့ အားနည်းချက်တွေကို သိလာကြပါတယ်။ မိဘနဲ့အနီးကပ်နေစဉ်က မိဘကျေးဇူးကို မသိတတ်တာ၊ မိဘကို သတိမရတာ၊ ဂရုမစိုက်ခဲ့တာတွေ ရှိရင်ရှိခဲ့ပေမဲ့ မိဘနဲ့ဝေးတဲ့အခါမှာတော့ အဲဒါတွေကို အကုန်သိတတ်၊ သတိရလွမ်းဆွတ်မှုတွေ ဖြစ်လာပါတယ်။

တချို့ မိဘများရုတ်တရက်ကွယ်လွန်သွားတဲ့အခါ မိဘမရှိခြင်းကြောင့် ဘ၀ပျက်တဲ့အထိ ဖြစ်သွားတတ်ကြတာတွေကို ထောက်ဆကြည့်မယ်ဆိုရင် မိဘမရှိခြင်းရဲ့ အားနည်းချက်တွေဟာ ဘယ်လောက်ထိရောက်သလဲဆိုတာ သိပါလိမ့်မယ်။

ဒါကြောင့် အမိမဲ့သား ရေနည်းငါးလိုပဲလို့ တင်စားပြီး ဒီစကားပုံလေး ဖြစ်လာရတာပါ။

1 comment:

  1. အရှင်ဘုရားရဲ့ဖြေဆိုထားမှူကို တပည့်တော်အရမ်းသဘောကျပါတယ်ဘုရား
    အရမ်းကိုပြည့်စုံလွန်းပါတယ်။ကျေးဇူးအရမ်းတင်ပါတယ်ဘုရား။တပည့်တော်ကိုမေးထားတဲ့လူတစ်ယောက်ကို ပြန်ဖြေပေးရမှာမိုလို့ပါဘုရား၊copy ယူသွားပါသည်။

    ReplyDelete