Friday, September 30, 2011

ပွဲဘာကြောင့်ထိုးရသလဲ

အမေး။ ။ သာသနာပွဲအကြောင်းဖတ်ရတဲ့အတွက် ကျေးဇူးများလှပါတယ်ဘုရား။ အခြားပွဲထိုးတာနဲ့ပတ်သက်ပြီး အခမ်းအနား၊ ပွဲ၊ အိမ်ဆောက်စသည်ဖြင့် ပွဲထိုးတာတွေ့ဖူးကြုံဖူးပါသည်။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ ဘာအတွက်လဲ။ အကျိုးရမလား။ ရိုးရာလား။ ကွဲပြားစွာ သိလိုပါသည်ဘုရား။


အဖြေ။ ။ ဒီမှာ ထိုးတဲ့ပွဲတွေက ငှက်ပျောပွဲအုန်းပွဲတွေပဲများပါတယ်။ ဒါကြောင့်လည်း သိပ်မကုန်တဲ့အတွက် ထိုးကြတာပေါ့။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ အကြောင်းကို ရှာကြည့်တဲ့အခါ ကိုယ်လုပ်တဲ့ အခမ်းအနား၊ ဇာတ်သဘင်စတာတွေမှာ အန္တရာယ်ကင်းအောင်လို့ ဆိုတာရယ်။ လာဘ်လာဘရွှင်အောင်လို့ဆိုပြီး ပွဲတင်ကြတာပါ။ တချို့ကလည်း ရိုးရာလို့ဆိုပြီး ပွဲတင်ကြတာရှိပါတယ်။ အိမ်ဆောက်မယ်ဆိုရင်လည်း အဆင်ပြေအောင် အန္တရာယ်ကင်းအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်တည်ဆောက်ခါစမှာ ပွဲပေးကြတယ်။ ဒီတင်လိုက်တဲ့ ပွဲတွေဟာ အမှန်တကယ်အကျိုးပေးမှာလားဆိုတော့ “ဟင့်အင်း”လို့ပဲ ပြောလိုက်ပါရစေ။

ဒီလိုပွဲတင်တဲ့အတွက် ငှက်ပျော်သီး၊ အုန်းသီးများကို စားရမှာသေချာသလောက် ဖြစ်ပေမဲ့ ပွဲတင်သူ လူသားများအတွက် ဘာအကျိုးမှ မရနိုင်ပါကြောင်း၊ ပွဲတင်ခြင်းဖြင့်ရိုးရာဟု ဆိုကြသော်လည်း ထေရ၀ါဒ ရှုထောင့်ကနေကြည့်ရင် ရိုးရာပွဲများလည်း မရှိစေကောင်းပါလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment