Friday, September 2, 2011

ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း

အမေး။ ။ အရှင်ဘုရား ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်းကြောင်းသိချင်ပါတယ်။ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။

ရိုသေစွာဖြင့်

မင်းမောင်

ဖြူး



အဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့ အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။



မြန်မာဘာသာ



ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ်။ အချို့က တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က ဘုရားရှင်ကို လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊ အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ တိတ်ဆိပ်စွာထိုင်နေကြတယ်။



ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အား အောက်ပါအတိုင်း လျှောက်ထားကြတယ်။ “အရှင်ဘုရား အချို့ရဟန်းပုဏ္ဏားများဟာ ကေသမုတ္တိနိဂုံးကို ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒသာ မှန်တယ်လို့ ပြောဆိုပြီး သူတစ်ပါးအယူ ၀ါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုကြပါတယ်။ အခြားအခြားရဟန်း ပုဏ္ဏားတွေလဲ ကေသမုတ္တိနိဂုံးကိုရောက်လာကြတယ်။ သူတို့လဲပဲ ကိုယ့်အယူဝါဒကိုသာ မှန်တယ်လို့ပြောဆိုကြပြီး သူတစ်ပါး အယူဝါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုနေကြပါတယ်။ အရှင်ဘုရား ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒကမှန်ပြီး ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှားပါသလဲဘုရား၊ တပည့်တော် ယုံမှားသံသယ ဖြစ်မိပါတယ်ဘုရား”လို့ လျှောက်တဲ့အခါ ဘုရားရှင်က “ကာလာမတို့ သင်တို့ဟာ ယုံမှားသင့်တဲ့အတွက် ယုံမှားတာပဲ၊ သံသယဖြစ်သင့်တဲ့အတွက် သံသယဖြစ်ကြတာပဲ”လို့ မိန့်တော်မူကာ ကာလာမသုတ်ကို ဟောတော်မူခဲ့ပါတယ်။



ပါဠိဘာသာ

အထေ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂ၀ါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂ၀တာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ ၀ီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂ၀ါ တေနအဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပေကစ္စေ နာမဂေါတ္ထံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု၊ ဧကမန္တံ နိသိန္နော ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂ၀န္တံ ဧတဒဝေါစုံ-

သန္တိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ အပရေပိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ တေသံ နော ဘန္တေ အမှာကံ ဟောတေ၀ ကင်္ခါ၊ ဟောတိ ၀ိစိကိစ္ဆာ “ကော သု နာမ ဣမေသံ ဘ၀တံ သမဏဗြဟ္မဏာနံ သစ္စံ အာဟ၊ ကော မုသာ” တိ။ အလံ ဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံ ၀ိစိကိစ္ဆိတုံ၊ ကင်္ခနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ။ (အင်္ဂုတ္ထရနိကာယ်၊ တိကနိပါတ၊ ကေသမုတ္တိသုတ်၊နှာ-၁၈၉)



အင်္ဂလိပ်

The history of the Kalarma Thote .KayThaMoutTiNiGone kings has approached to the Lord Buddha .Some were having a conversation with Lord Buddha ,while others engaged themselves in their own topics, or were just stayed silently .

The conversations that they have had with Lord Buddha was as below,“Lord , some of the monks came to KayThaMoutTiNiGone and stated that their beliefs, teachings and ideologies of their own religion were the universal truth and been giving offensive critiques over those of other religions with impolite manners.”

“There were monks who also come from different places to us and they have conducted the same manner towards the other religion.”

“Lord, whose beliefs are the truth and whose are wrong. We are becoming so sceptical on these matters”

Lord Buddha replied “Dear my kings, you all are being sceptical because you should be, you are being doubtful because you should be” and has delivered the Kalama Thote.



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment