Friday, September 9, 2011

ဘုရားရှင် မုဒြာရဲ့အဓိပ္ပါယ်

အမေး။ ။ မြတ်စွာဘုရား ထိုင်တော်မူနေတဲ့ပုံတစ်ခုမှာ လက်တော်နှစ်ဘက်ကို ရင်ဘတ်အရှေ့မှာ ကြက်ခြေခတ်ပုံ ယှက်ထားတာကို တွေ့ရပါတယ်။ လက်ညိုးနှစ်ချောင်းနှင့် လက်သန်းနှစ်ချောင်းက အပေါ်ကို ဦးတည်ထားပြီး အလယ်နှစ်ချောင်းစီကထိလျက် အောက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါရစေဘုရား။

မောင်တိုးနန္ဒ
ဆစ်ဒနီမြို့

အဖြေ။ ။ မောင်တိုးနန္ဒမေးတဲ့ ဘုရားရှင်ရဲ့ မုဒြာပုံဟာ “ဘူတဒါမရမုဒြာ”လို့ခေါ်ပါတယ်။ လက်နှစ်ဘက်ကို ရင်ဘတ်ရှေ့တည့်တည့်လောက်မှာ ယှက်ထားပြီး လက်ဝါးများကို ပြင်ဘက်သို့ လှန်ပြထားတဲ့ လက်ဟန်မျိုး ဖြစ်ပါတယ်။ လက်ထဲတွင် တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိပါ။

တစ်ခါတရံ တခုခုကို ကိုင်ထားသော်လည်း အံ့သြထူးဆန်းတဲ့ အနက်သဘောကို ဆောင်နေပါတယ်။ ဒီမုဒြာကို ဆင်တူပြုထားတဲ့ အခြားတြိလောက ၀ိဇယမုဒြာလည်း ရှိပါသေးတယ်။ ဘူတဒါမရ မုဒြာဟာ အဗ္ဘုတရသ=အံ့သြဖွယ်ရသကိုဆောင်ပါတယ်။ ၀ီရရသ=ရဲရင့်ခြင်း၊ လုံ့လကြီးခြင်း၊ မြင့်မြတ်ခြင်းသဘောကို လည်း ဆောင်ပါတယ်။ ပညာပါရမီဆိုတဲ့ မြင့်မြတ်တဲ့အသိပညာ၊ ၀ီရိယပါရမီဆိုတဲ့ မြင့်မြတ်တဲ့ ကြိုးစားအားထုတ်မှုများကို ညွန်ပြထားတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ (မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ မုဒြာများ၊ စပ်ထွန်းမှတ်ဝင်း)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

2 comments:

  1. အဲဒါတော့ ဦးဇင်း သေချာမသိသေးလို့ နောက်သိရင် ပို့စ်ရေးတင်ပေးပါမယ်။

    ReplyDelete
  2. ဘူတဒါမရ ဆိုတဲ့ ပါဠိရဲ့ အဓိပ္ပါယ် ဓါတ်ပစ္စည်း
    စသည် ဖေါ်ပြပေးပါရန် ရိုသေစွာ
    လျှောက်ထားပါသည် ဘုရား။

    ReplyDelete