Friday, September 30, 2011

ကန်တော့ပွဲ

အမေး။ မင်္ဂလာဆောင်၊ စေ့စပ်ပွဲ၊ ခိုးပြေးပြီးမှ ပြန်အပ်တဲ့အခါ ကန်တော့ပွဲထိုးပြီး ကန်တော့တာဟာ ဘာအဓိပ္ပာယ်ပါလဲဘုရား။

အိအိ။ စင်္ကာပူ

အဖြေ။ ။ ကန်တော့ပွဲဆိုတာ နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်ကြတာပါ။ ကန်တော့ပွဲဆိုတာက ဘုရား၊တရား၊သံဃာရတနာသုံးပါး ဆရာမိဘတို့ရဲ့ဂုဏ်ကို အာရုံပြုပြီး ရှိခိုးကန်တော့တဲ့အခါ ကန်တော့ပွဲကို အရှေ့မှာထားပြီး ကန်တော့ကြတယ်။ ဒါဟာ ရှေးအစဉ်အလာတစ်ခုပါ။ မြန်မာပြည်ရဲ့ ဆွမ်းကျွေးကောင်းမှုပွဲတွေမှာ အများအားဖြင့် ကန်တော့ပွဲထိုးကြပြီး သံဃာတော်များအား ကန်တော့ကြပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူကြီးမိဘများကို တောင်းပန်ကန်တော့တဲ့အခါ လူကြီးမိဘများရဲ့ဂုဏ်ကို အာရုံပြုပြီး ရိုသေမှုဂါရ၀ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ကန်တော့ပွဲပေးကာ ကန်တော့ကြတဲ့ အဓိပ္ပါယ်ပါ။ ရှင်းအောင်ပြောရရင် ကန်တော့ပွဲနဲ့ လာရောက်တောင်းပန်သူများရှိသလို ကန်တော့ပွဲနဲ့ အနန္တောအနန္တငါးပါးဂုဏ်ကို ရိုသေလေးစားကန်တော့တဲ့လူတွေလည်း ရှိပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment